တောင်ငူတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ကျင်းပ

တောင်ငူတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲကို (၂၁-၂-၂၀၂၀) ရက်နေ့မှစ၍ အားကစားရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ဘာသာရပ်ပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို (၂၈-၂-၂၀၂၀) ရက်နေ့တွင် ဆက်လက်ကျင်းပပြုလုပ်ခဲ့ရာ အမျိုးသားတံခွန်စိုက်ဆုကို သင်္ချာအသင်းနှင့် အမျိုးသမီးတံခွန်စိုက်ဆုကို သတ္တဗေဒအသင်းတို့က ရရှိခဲ့ပြီး ဒုတိယဆုများကို ရူပဗေဒအသင်း(အမျိုးသား)နှင့် သင်္ချာအသင်း(အမျိုးသမီး)တို့က လည်းကောင်း၊ တတိယဆုများကို ဓာတုဗေဒအသင်း(အမျိုးသား)နှင့် မြန်မာစာအသင်း(အမျိုးသမီး)တို့ကလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။ ပထမ၊ ဒုတိယ၊ တတိယနှင့် နေရာအလိုက် အကောင်းဆုံးအားကစားသမားဆု ရရှိခဲ့ကြသူများကို ပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ အားကစားအရာရှိများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်