ဘာသာရပ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲကျင်းပ

တောင်ငူတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံပြေးခုန်ပစ်ပြိုင်ပွဲကို တောင်ငူခရိုင် အားကစားကွင်းတွင် (၁၅-၁-၂၀၂၀) ရက်နေ့မှ (၁၆-၁-၂၀၂၀) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ ဘာသာရပ်ဌာနများမှ အားကစားသမား ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ပြိုင်ပွဲတွင် အမျိုးသားတံခွန်စိုက်ဒိုင်းဆုကို ဘူမိဗေဒဘာသာရပ် ကလည်းကောင်း၊ အမျိုးသမီးတံခွန်စိုက်ဒိုင်းဆုကို မြန်မာစာဘာသာရပ်ကလည်းကောင်း အသီးသီး ရရှိခဲ့ကြသည်။

ပြန်စာထားခဲ့ပါ။

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။ လိုအပ်သော ကွက်လပ်များကို * ဖြင့်မှတ်သားထားသည်